သင်တန်းတော့တက်လိုက်တာပဲ၊ သင်တန်းပြီးတော့ ဘာမှလည်းမလုပ်နိုင်ပါဘူး ဆိုတာမျိုးတွေ ကြားဖူးကြမှာပါ။
အဆိုးဆုံးကတော့ IT development သင်တန်းတွေမှာအဖြစ်များပါတယ်။
တစ်ခြား အဆောက်အဦး ဒီဇိုင်းဆွဲတဲ့သင်တန်းလိုမျိုးတွေမှာလည်းဖြစ်တက်ပါတယ်။
android development သင်တန်းသား ၁၀ ယောက်ရှိတယ်ဆိုရင် ၂ ယောက်လောက်ပဲ android developer ဖြစ်တာပါ။ တစ်ချို့ batch တွေဆို တစ်ယောက်မှတောင် android developer ဖြစ်မလာပါဘူး။
အဲ့ဒါက ဘာဖြစ်လို့လဲဆိုတဲ့အဖြေကို တဖြည်းဖြည်းနဲ့တွေ့လာတယ်။
- web development သင်တန်းတက်တယ် website ဘယ်နှစ်ခုသုံးဖူးလဲ?
- android development သင်တန်းတက်တယ် android app ဘယ်နှစ်ခုသုံးဖူးလဲ?
အဲ့ဒါကအရေးကြီးပါတယ်။ တစ်ချို့ဆို CMS website ရေးချင်လို့ဆိုပြီးသင်တန်းလာတက်တယ်။
CMS ရဲ့အလုပ်လုပ်ပုံတောင်မသိဘူးအဲ့လိုတွေများတယ်။
Point Of Sale တစ်ခုကို develop လုပ်မယ်ဆိုရင် စျေးရောင်းတဲ့ process ကိုအပြည့်အစုံသိမှရပါမယ်။
CMS website ကို develop လုပ်မယ်ဆိုရင် တစ်ခြား CMS ကို function အစုံသုံးကိုသုံးဖူးရပါမယ်။
အပြင်မှာလည်ပက်နေတဲ့ system တစ်ခုကို Computing System တစ်ခုတည်ဆောက်ဖို့အတွက်
အပြင်မှာလည်ပက်နေတဲ့အတိုင်းလုပ်ငန်းစဥ်အကုန်သိကိုသိရမယ်။